သိမ်နှင့် ပတ်သက်၍ အမျိုးသမီးမဝင်ကောင်းဟု ထင်နေတတ်ကြ၏။
သိမ်ဟူသည် လူနှင့် မည်သို့မျှ မပတ်သက်။
ဝင်ချင်တိုင်း ဝင်၊ ထွက်ချင်တိုင်း ထွက်နိုင်၏။
ရဟန်းတော်များသာ ကံဆောင်နေစဉ် သိမ်ထဲမဝင်အပ်။
ဝင်လျှင် ပြုလုပ်နေသော ကံ ပျက်၏။
အစမှ ပြန်စရ၏။
မြတ်စွာဘုရားလက်ထက် ရာဇဂြိုဟ်တစ်မြို့လုံးကို အရှင်သာရိပုတ္တရာ ဦးဆောင်၍ သိမ်သမုတ်ခဲ့ကြောင်း မဟာဝါအဋ္ဌကထာ၌ မှတ်တမ်းတင်ထား၏။
ထိုသိမ်ထဲတွင် အမျိုးသား အမျိုးသမီးများ နေထိုင်ကြ၏။
ထိုသိမ်ထဲတွင် အိမ်ထောင်သားမွေးကိစ္စများလည်း ရှိ၏။
အပေါ့အလေးသွားရာ အိမ်သာလည်းရှိ၏။
ထို့ကြောင့် သိမ်ဟူသည် ရဟန်းတော်များအတွက်သာ ကန့်သတ်နယ်မြေ ဖြစ်၏။
လူအတွက် ကန့်သတ်နယ်မြေ မဟုတ်။
ထို့ပြင် သိမ်ဝင်ပုတီး၊ သိမ်ဝင်သပိတ်များ တန်ခိုးရှိသည်၊ သိဒ္ဓိပြီးသည်ဟု ထင်မှတ်နေကြသည်မှာလည်း အလွဲများသာ ဖြစ်၏။
သိမ်သည် ရဟန်းများ လွယ်ကူစွာ ကံဆောင်နိုင်ရန် သတ်မှတ်ထားသည်မှတစ်ပါး အခြားမြေများနှင့် မည်သို့မျှ မထူး။
သိမ်ကို မြင့်မြတ်သော နေရာတစ်ခုအဖြစ် သတ်မှတ်နေကြသည်မှာကား ပုထုဇဉ်ငမိုက်သားတို့၏ ရူးသွပ်မှုတစ်ခုသာ ဖြစ်တော့၏။
သာသနာတော်နှင့် အလွဲများ တည့်မတ်နိုင်ကြပါစေ။
#အရှင်အဘယာလင်္ကာရ
#မဟာဝိဟာရဝါသီ
🔹
သာသနာတော်နှင့် အလွဲများ အပိုင်း(၇)မှ ကောက်နှုတ်ပါသည်။
Ko Thi
120920 See Less
Comments
Write a comment...
- Get link
- X
- Other Apps
Popular Posts
ThaBarWa Centre: Thabarwa Meritorious Book Publishing - Sayadaw Tea...
- Get link
- X
- Other Apps
Comments
Post a Comment