ြ

နိုင်ငံတော်တည်ဆောက်ရေး

သြဇာရှိတဲ့ NGOတွေ Institutions တွေအားကောင်းမောင်းသန် ဖြစ်လာအောင်ကြိုးစားရပါမယ်။ အဲဒီ အင်စတီကျူရှင်းတွေအားကောင်းလာရင် Third Party တွေဖြစ်လာမှာပါပဲ။ လူထု ကို လွှမ်းမိုးနိုင်တဲ့ လူထုရဲ့အကျိုးကိုဆောင်တဲ့ Institutions တွေရဲ့အားကို မဲအနိုင်ရဖို့လိုတဲ့ ပါတီတွေကအားကိုးရမှာပါ။

အဲဒီ Institutions တွေရဲ့ စွမ်းဆောင်ရည် နဲ့ နယ်ပယ် ကျယ်ဝန်းလာအောင် ကျိုးစားနိုင်လေလေ အာဏာနဲ့အုပ်ချုပ်ခြင်းဟာပျောက်ကွယ်လေလေပါပဲ။တနည်းပြောရရင် စွမ်းဆောင်ရည့်ရှိသောလူ့အဖွဲအစည်းကို တည်ဆောက်နိုင်ခြင်းပါ။

တနည်း ပြောရရင် အာဏာရှင်တွေရဲ့နောက်ကွယ်မှာ သြဇာရှင်တွေရှိနေတယ်ဆိုတာပါပဲ။ အဲသည့်သြဇာရှင်တွေက အာဏာရှင်ကို ထိန်းကျောင်းနိုင်ခွင့်ရရှိတယ်လို့ဆိုလိုတာပါ။ အဖွဲအစည်းပြုမူ ဖြစ်တဲ့ Institutionalizationကိုတည်ဆောက် ဖို့အရေးကြီးပါတယ်။အဖွဲ့အစည်းများစွမ်းဆောင်ရည်ရှိလေလေ အစိုးရ ရဲ့အာဏာစက်က လျော့ပါလေလေပါ။

အဓိကအကျဆုံးကတော့ တစ်ဦးချင်းစွမ်းဆောင်ရည်ရှိဖို့ Capacity Building ကို တည်ဆောက်နေကြဖို့ပါ။ individualization, မှသည် familiarization, regionalisation, nationalization, globalization သို့ တဖြည်းဖြည်း တည်ဆောက်ရမယ်လို့ ယုံကြည်ပါတယ်။နိုင်ငံတော်တည်ဆောက်ရေး ဆိုတာ အဲဒါကို ဆိုလိုတာဖြစ်တယ်လို့နားလည်မိပါတယ်။ state building ဆိုတာ နားလည်ရသိပ်မခက်ပါ။ လုပ်ဆောင်ရတာတော့ ခက်ပါလိမ့်မယ်

Comments